(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
သေ တမ်း စာ တစ် ခြမ်း
Labels:
online poem
ဝဲဘက်ရင်အုံကိုချိုးနင်းလာတာ
သူ့မျက်ရည်ဆိုတာသေချာပါတယ်
ချိုအီနေတဲ့အပြုံးတွေထဲ
အသံမပါတဲ့ကံကြမ္မာက
အေးစက်စက်ဖြတ်ဝင်လာခဲ့
ချစ်သူ နင်ရယ်ငါရယ်
နောက်အခြားတစ်ယောက်ရယ်
သုံးပွင့်ဆိုင်ဖိုဖနောင့်ထဲက
ညို့အားပြင်းလောင်မြိုက်ပွဲမှာ
ပြာဖြစ်ခဲ့ရတာ ငါပါ
နင်ကတော့ချစ်ခြင်းအတွက်မဖြစ်တဲ့
မျက်ရည်ကိုသုတ်ရင်း ပြို
ငွေနောက်ကိုလိုက်သွားတဲ့
နှလုံးသားတစ်စုံရဲ့ကျေးဇူးတရားနဲ့
အပြစ်မဲ့ချစ်သူတစ်ယောက်ကို
နာကျင်စွာမေ့ဖို့ကြိုးစားခဲ့
တစ်ယောက်နဲ့တစ်ယောက်ကြား
အမုန်းတရားမရှိပါဘဲ
ပြေလျှော့ပေးလိုက်ရတဲ့လက်တွေပါ
ဘာတွေဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့
ဝေးကွာခဲ့ပြီဆိုတဲ့အသိနဲ့
စာတန်းတစ်ကြောင်းပါသေတမ်းစာက
နှလုံးသားကိုနောက်ဆုံးလက်ပြခဲ့
ထပ်တူထပ်မျှသေဆုံးခဲ့တဲ့
ငါတို့ချစ်ခြင်းတွေရဲ့
တစ်ခြမ်းထဲသောသေတမ်းစာဆိုတာ
လေသွေးညို
သူ့မျက်ရည်ဆိုတာသေချာပါတယ်
ချိုအီနေတဲ့အပြုံးတွေထဲ
အသံမပါတဲ့ကံကြမ္မာက
အေးစက်စက်ဖြတ်ဝင်လာခဲ့
ချစ်သူ နင်ရယ်ငါရယ်
နောက်အခြားတစ်ယောက်ရယ်
သုံးပွင့်ဆိုင်ဖိုဖနောင့်ထဲက
ညို့အားပြင်းလောင်မြိုက်ပွဲမှာ
ပြာဖြစ်ခဲ့ရတာ ငါပါ
နင်ကတော့ချစ်ခြင်းအတွက်မဖြစ်တဲ့
မျက်ရည်ကိုသုတ်ရင်း ပြို
ငွေနောက်ကိုလိုက်သွားတဲ့
နှလုံးသားတစ်စုံရဲ့ကျေးဇူးတရားန
အပြစ်မဲ့ချစ်သူတစ်ယောက်ကို
နာကျင်စွာမေ့ဖို့ကြိုးစားခဲ့
တစ်ယောက်နဲ့တစ်ယောက်ကြား
အမုန်းတရားမရှိပါဘဲ
ပြေလျှော့ပေးလိုက်ရတဲ့လက်တွေပါ
ဘာတွေဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့
ဝေးကွာခဲ့ပြီဆိုတဲ့အသိနဲ့
စာတန်းတစ်ကြောင်းပါသေတမ်းစာက
နှလုံးသားကိုနောက်ဆုံးလက်ပြခဲ့
ထပ်တူထပ်မျှသေဆုံးခဲ့တဲ့
ငါတို့ချစ်ခြင်းတွေရဲ့
တစ်ခြမ်းထဲသောသေတမ်းစာဆိုတာ
လေသွေးညို