(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
မိုး မိ တောင် ပံ အို
Labels:
online poem
အသိုက်နှုတ်ခမ်းပေါ်တင်နေတဲ့
တကျွိကျွိမြည်သံတွေ
အစာငတ်နေဟန်မတူဘူး
သူတို့ဘဝကိုထမ်းတဲ့တောင်ပံကြီး
ပြန်လာချိန်ကိုလင့်နေဟန်ထင်ရဲ့
လေပြင်းမိုးသက်တို့ရဲ့ခြေသံ
သူတို့အသိုက်တံခါးထံ
ဆွဲအဖွင့် လွင့်ရှာပေါ့
အတောင်ပံတွေရွှဲမိုးစဲမှ
ချန်ခဲ့ရအသိုက်ဆီ
ပြန်ဆိုက်ကပ်ခဲ့ပေါ့
မြင်လိုက်ရသည်ကအကွဲအစ
အတောင်ပံမလုံတဲ့ကြားက
အသိုက်ပါမလုံခဲ့တဲ့ငှက်ပေါက်တို
ဘေးသီရန်ခခဲ့တယ်
တောင်ပံကြီးရိုက်ခတ်သံ
ကမ္ဘာတုန်အောင်ညံစေခဲ့ပေါ့
ကွဲရင်ဘတ်ပေါ်ဖြတ်ပြေးခဲ့တဲ့
မျက်ရည်ခါးများ
ဘဝကိုဝါးစားသွားတဲ့ကံကြမ္မာကိုမှ
ပြန်ဝါးစားချင်တဲ့သူ့ ဆန္ဒ
မိုးစင်စင်လင်းသည့်တိုင်
မျက်ရည်စက်တွေက
အသိုက်ပျက်လေးပေါ်ရွှဲစိုနေတုန်းေ