Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

(*ကျွန်တော်ချစ်သောမေမေ*)

သားရဲ့ဘဝ လင်းလဲ့မှု့
ထာဝစဉ်ပေး မွေးခဲ့
ကျွေးခဲ့အေးမျှခြင်း
မဆုံး မေတ္တာရေကြည်
ပေးကာနွေးထွေးစေတဲ့
မေမေကျေးဇူး သားရဲ့
ဘဝနဲ့ရင်း ပြန်လည်ပေးဆပ်
မိဘကျေးဇူး အထူးထူးကို
ရင်၌သိမြင် ခံစားရတဲ့
ဒီအချိန် သားရဲ့မေမေ
ကျန်းမာပျော်ရွင် ပါစေလို့
မေမေရဲ့သား အဝေးမြေမှရှိခိုး
ကန်တော့လိုက်ပါတယ်။ ။ ။

မေမေသွန်သင် ကလေးဘဝက
မသိနားမလည် ညိုးငြင်ခဲ့တာ
သားမိုက်လို့ပေါ့
ခုချိန်ခါများမေမေရဲ့ ချွေးနဲ့
ရှာပြီး ကျွေးမွေးပညာသင်စေ
ခဲ့ပေမဲ့ သားကညံထိုင်းသူ
တစ်ယောက်ဖြစ်ခဲ့တာမို့
မေမေမျှော်လင့်သလို
ပညာတတ်ကြီးမဖြစ်ခဲ့
တာတော့ခွင့်လွတ်ပါမေမေ။ ။ ။


လောကကြီးအလယ်
ပွဲလယ်တင့်အောင်
ကျွေးခဲ့မွေးခဲ့သားရဲ့မေမေ
သားအရမ်းချစ်ပါတယ်။ ။ ။

သားရဲ့ဘဝအရမ်းမလှရင်နေပါစေ
သားရဲ့ဘဝရုပ်ရည်ရှုပါမလှရင်
နေပါစေ
သားရဲ့ဘဝပစ္စည်ဥစ္စာမချမ်းသာ
ရင်နေပါစေ
မေမေရဲ့သားဖြစ်ခဲ့ရတာကို
ဂုတ်ယူနဆုံးတစ်ပြုံးပြုံးနဲ့
လောကရဲ့အလယ်ပြနိလည်
ကျေးဇူးဆပ်နေမှာပါမေမေ……


သားရဲ့ဘဝအေးချမ်းမှု့အေး
မေတ္တာနို့ချိုတိုက်ကျွေးဖူးတဲ့
မေမေရဲ့အပြုံးပန်းတို့ပွင့်လန်း
ရာပြည်မြန်မာကိုသား
အပြေးပြန်လာခဲ့မယ်
တစ်ချိန်ချိန်ပေါ့။ ။ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS