(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ဧ ရာ ဝ တီ
Labels:
online poem
ငါ့ကိုမလိမ်ပါနဲ့ ဧရာဝတီ
မျက်ရည်တသွင်သွင်နဲ့
အဆုံးမဲ့ခရီးချိုးကွေ့ဝင်ခဲ့
တစ်ခါတစ်ရံအပြင်းအထန်
ငါကြားနေရတဲ့မင်းငိုသံ
လှိုင်းပုတ်သံလို့ပဲထင်ခဲ့တယ်
နေဒဏ်မိုးဒဏ်အောက်က
အရိုးခံမင်းဘဝဘယ်တော့မှ
အကျည်းမတန်ခဲ့ဘူး
မင်းဖိတ်ကျခဲ့တဲ့မျက်ရည်နဲ့
လူသားတွေရဲ့အူစိုစွတ်ခဲ့
ပေးဆပ်ခြင်းအတွက်
ဘယ်အချိန်ထိငိုနေမလဲ ဧရာဝတီ
မျက်မမြင်တို့မိုက်ကန်းမှုနဲ့
အရောင်စုံအမှိုက်တွေစွန့်ကြဲ
ဒါလည်းပဲကျေနပ်နေရဲ့
အတိုက်စားခံကမ်းပါးကတရိရိ
ကိုယ့်အတွက်မကြည့်တဲ့အသိနဲ့
အဖိုးတန်မျက်ရည်သာ
ဆက်လက်ထွက်ခွာ ငါ
စာနာပါတယ် ဧရာဝတီ
ချွေးစက်တွေလား
မျက်ရည်တွေလား ဒါမှမဟုတ်
နေ့ရှိသရွေ့ရနေတဲ့ဒဏ်ရာရဲ့
သွေးစက်တွေလား ငါ
မသဲကွဲခဲ့ပါဘူး
နင့်နင့်နာနာခံစားနေရတဲ့
တောင်းဆိုမှုတွေဘယ်အချိန်ထိ
ဝေငှနေဦးမှာလဲ ဧရာဝတီ ။
လေသွေးညို
မျက်ရည်တသွင်သွင်နဲ့
အဆုံးမဲ့ခရီးချိုးကွေ့ဝင်ခဲ့
တစ်ခါတစ်ရံအပြင်းအထန်
ငါကြားနေရတဲ့မင်းငိုသံ
လှိုင်းပုတ်သံလို့ပဲထင်ခဲ့တယ်
နေဒဏ်မိုးဒဏ်အောက်က
အရိုးခံမင်းဘဝဘယ်တော့မှ
အကျည်းမတန်ခဲ့ဘူး
မင်းဖိတ်ကျခဲ့တဲ့မျက်ရည်နဲ့
လူသားတွေရဲ့အူစိုစွတ်ခဲ့
ပေးဆပ်ခြင်းအတွက်
ဘယ်အချိန်ထိငိုနေမလဲ ဧရာဝတီ
မျက်မမြင်တို့မိုက်ကန်းမှုနဲ့
အရောင်စုံအမှိုက်တွေစွန့်ကြဲ
ဒါလည်းပဲကျေနပ်နေရဲ့
အတိုက်စားခံကမ်းပါးကတရိရိ
ကိုယ့်အတွက်မကြည့်တဲ့အသိနဲ့
အဖိုးတန်မျက်ရည်သာ
ဆက်လက်ထွက်ခွာ ငါ
စာနာပါတယ် ဧရာဝတီ
ချွေးစက်တွေလား
မျက်ရည်တွေလား ဒါမှမဟုတ်
နေ့ရှိသရွေ့ရနေတဲ့ဒဏ်ရာရဲ့
သွေးစက်တွေလား ငါ
မသဲကွဲခဲ့ပါဘူး
နင့်နင့်နာနာခံစားနေရတဲ့
တောင်းဆိုမှုတွေဘယ်အချိန်ထိ
ဝေငှနေဦးမှာလဲ ဧရာဝတီ ။
လေသွေးညို