(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
"တစ်" တ ရား ခံ
Labels:
online poem
ကျွန်တော်တစ်ယောက်တည်းပါ
ဘယ်သူ့ဘယ်သူကိုမှ
မမြူဆွယ်လိုတော့ပါဘူး
ဒီအမှားကိုကျူးလွန်တာကျွန်တော်ပါ
အပြစ်မဲ့အမှန်တရားတွေကို
ကဗျာတစ်ပုဒ်အောက်
လက်စဖျောက်ပစ်ခဲ့တာ
မရှိတဲ့မာနနဲ့အတ္တကိုဆုပ်ကိုင်
ငါ ဆိုတဲ့စိတ်တစ်ခုနဲ့
ဘဝတွေကိုလမ်းစပျောက်စေတာ
သဘာဝဆိုတဲ့တရားကြီးကို
ညစ်ညမ်းရောင်ဆိုးခဲ့တာလည်း
ကျွန်တော်ပါပဲ
ကြယ်သီးတပ်မှားတဲ့အင်္ကျီနဲ့
ကိုယ့်လိပ်ပြာကိုဖုံး
ကျေးဇူးတရားတွေကိုခုတုံးလုပ်ခဲ့ တာ
နုံမွဲမွဲစိတ်ဓာတ်တွေထဲ
အားဆေးတွေဖြန့်ကြဲ
အဆိပ်ပင်ရေလောင်းခဲ့တာ
ဓါးခုတ်ရာတွေကြားလက်ဝင်လျှိုစေတာ
ကျွန်တော်ပါ
အယူခံမဝင်လိုတော့တဲ့
ကျူးလွန်မှုတွေတိုင်းမှာ
"တစ်" တ ရား ခံ ဟာကျွန်တော်ပါ
ကျွန်တော်တစ်ယောက်တည်းသာ
လေသွေးညို
ဘယ်သူ့ဘယ်သူကိုမှ
မမြူဆွယ်လိုတော့ပါဘူး
ဒီအမှားကိုကျူးလွန်တာကျွန်တော်ပ
အပြစ်မဲ့အမှန်တရားတွေကို
ကဗျာတစ်ပုဒ်အောက်
လက်စဖျောက်ပစ်ခဲ့တာ
မရှိတဲ့မာနနဲ့အတ္တကိုဆုပ်ကိုင်
ငါ ဆိုတဲ့စိတ်တစ်ခုနဲ့
ဘဝတွေကိုလမ်းစပျောက်စေတာ
သဘာဝဆိုတဲ့တရားကြီးကို
ညစ်ညမ်းရောင်ဆိုးခဲ့တာလည်း
ကျွန်တော်ပါပဲ
ကြယ်သီးတပ်မှားတဲ့အင်္ကျီနဲ့
ကိုယ့်လိပ်ပြာကိုဖုံး
ကျေးဇူးတရားတွေကိုခုတုံးလုပ်ခဲ့
နုံမွဲမွဲစိတ်ဓာတ်တွေထဲ
အားဆေးတွေဖြန့်ကြဲ
အဆိပ်ပင်ရေလောင်းခဲ့တာ
ဓါးခုတ်ရာတွေကြားလက်ဝင်လျှိုစေတ
ကျွန်တော်ပါ
အယူခံမဝင်လိုတော့တဲ့
ကျူးလွန်မှုတွေတိုင်းမှာ
"တစ်" တ ရား ခံ ဟာကျွန်တော်ပါ
ကျွန်တော်တစ်ယောက်တည်းသာ
လေသွေးညို