Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ဝိညာဉ်

ခန္ဓာကိုယ်ကြီးတစ်ခုလုံး
ပေါ့ပါးသွားလိုက်တာ
ကိုယ့်ကိုယ်ကိုမမြင်နိုင်တော့အောင်
လေနဲ့အတူအဝေးလွင့်ပျံသွား

သွားရမဲ့ခရီးအတွက်
ရောက်သွားတာလား
ခရီးမဆုံးသေးဘဲ
လမ်းတစ်ဝက်ကပြန်သွားတာလား
မေးခွန်းတွေနဲ့ရှုပ်ထွေးနေ

တစ်ဆင့်စကားတစ်ဆင့်နားနဲ့
လောကကြီးထဲပြန့်နှံသွားခဲ့တာ
ငါ့နာမည်
အကောင်းအတိုင်းကျန်ပါ့မလား
စဉ်းစားနေခဲ့မိတာ တွေဝေစွာနဲ့

သတ်မှတ်ထားခဲ့တာ
သမိုင်းမှတ်ကျောက်ထိုးမယ်
ငါ့ကိုယ်ပေါ်က မကောင်းတဲ့
အမာရွတ်တွေခွာချခဲ့မယ်
ခုတော့ဘာမှပြောခွင့်မရှိဘဲ
ငါ့ခန္ဓာနဲ့ဝိညာဉ်က အဝေကြီးမှာ

ငါ့ကိုကြည့်ပြီး
ရယ်နေတဲ့သူတွေရော
ငိုနေတဲ့သူတွေရော ပြန်မြင်နေရပြီ
အော်
ရယ်နေတဲ့လူအများသားပါလား
ထားလိုက်ပါတော့

အေးလေ.....
ရင်ဘက်ကြီးတစ်ခုလုံးနဲ့
စိုက်ထုတ်ခဲ့တာသူတို့မှမသိတာ
အမှောင်ညတွေထဲက
မနဲရုန်းထွက်ခဲ့တာသူတို့မှမသိတာ
ဒဏ်ရာတွေနဲ့ချွေးသိပ်ခဲ့တဲ့နေ့တွေ
သူတို့မှမသိတာ
ယုံကြည်တဲ့လမ်းကိုပဲဇွတ်သွားခဲ့တာ
သူတို့မှမသိတာ

မြော့မြော့ပဲကျန်တော့တဲ့
အနာဂတ်အတွက်
ရယ်သံတွေပိုမကျယ်ခင်
ငါ့ဝိညာဉ်ကို
အသက်ပြန်သွင်းခဲ့တယ်၊၊ ၊၊

ဘုန်းရဲလျှံ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS