(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
လူမှု ကျင့်ဝတ်၊ မချွတ် မှန်စွာ၊ ကျင့်ဆောင်ရာ
Labels:
ethic
သားသမီး ကျင့်ဝတ်
ကျွေးမွေး မပျက်၊ ဆောင်ရွက် စီမံ၊ မွေခံ ထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေ မျိုးနွယ်၊ ဝတ်ငါးသွယ်
ကျင့်ဖွယ် သားတို့ထာ။
မိဘ ကျင့်ဝတ်
မကောင်းမြစ်တား၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေ နှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင် မယ်တို့ထာ။
တပည့် ကျင့်ဝတ်
ညီညာ ထကြွ၊ ဆုံးမနာယူ၊ လာမူ ကြိုဆီး၊ ထံနီး လုပ်ကျွေး၊ သင်ကြွေး အံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။
ဆရာ ကျင့်ဝတ်
အတတ်လည်းသင်၊ ပဲ့ပြင် ဆုံးမ၊ သိပ္ပ မချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာ အပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ။
မိတ်ဆွေ ကျင့်ဝတ်
ပေးကမ်း ချီးမြှင့်၊ ကိုယ်နှင့် ယှဉ်ထား၊ စီးပွား ဆောင်ရွက်၊ နှုတ်မြွတ် ချိုသာ၊ သစ္စာ မှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ
အကြီးအကဲ ကျင့်ဝတ်
ထကြွ နိုးကြား၊ သနား သည်းခံ၊ ဝေဖန် ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူ ကျင့်ဝတ်သာ
လင် ကျင့်ဝတ်
မထီမဲ့ကင်း၊ အပ်နှင်း ဥစ္စာ၊ မိစ္ဆာ မမှား၊ ၀တ်စား ဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။
မယား ကျင့်ဝတ်
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ် သေချာ၊ မိစ္ဆာ ကြဉ်ရှောင်၊ လျော်အောင် ဖြန့်ချိ၊ ပျင်းရိ မမူ ၀တ်ငါးဆူ
အိမ်သူ ကျင့်အပ်စွာ။