Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ကိုယ်အိပ်တော့မယ်ဆိုမှ ကိုယ့်အသံဟာ လေလွင့်လို့

အဝေး
အိပ်နေတဲ့ ဒီမိုကရေစီမျိုးဆက်လေး ရှိရာအရပ်မှာ
ကိုယ့်အသံလေး တိုးတိုးတိတ်တိတ် အိပ်နေတဲ့သူ့အပါ် မိုးမိုးကျ
ချစ်ခြင်းမေတ္တာ။

အလွမ်း
ကိုယ်တို့ဟာ သွေးတွေ အသက်တွေ ရက်၊ လ၊ နှစ်တွေ ပေးပြီး
အသံကုန်ဟော်ဟစ် တဆစ်ဆစ် ကြွေကျ နွမ်းလျစွာ နေ့စဉ်
တော်လှန်ခြင်း။

တမ်းတ
ကမ္ဘာပေါ်က လွတ်လပ်ခြင်းတွေဆီ ပစ်လွှတ်လိုက်ပြီး နောက်ပိုင်း
အော်ဟစ်နေတဲ့ နီတာတွတ်ဘေး ထိုင်းငေးရတဲ့ အရိပ်လေးနှစ်ခု
မိသားစု။

နေ့စဉ်
ပျံသန်းပါ ပျော်စရာ ရုန်းထလို့ လဲလဲကျ လွင့်စင်ထွက်သွားရ
အရိပ်လေး စိတ်က ပျံသန်း သူ့ဆီ မှတဆင့် ရင်နင့်အောင်
အနုပညာ။

အိပ်မက်
ကောင်းကင်ဆီလျှံတက် လှခြင်းရဲ့ပန်းတွေ ပြန့်ကျဲချလိုက် ညဆီ
ချိုးငှက်ကလေးအော်မြည် သံလွင်ခက်လေးတွေ စီချထား သူ့ပါးပြင်မှာ
ငြိမ်းချမ်းရေး။

စိတ်ကူး
ပျော်စရာ စိတ်ထဲမှာရှိတာတွေ လက်ထဲ ကျစ်ကျစ်ပါ
သူ့လက်လေးဆီမှာ ကိုယ့်လက်လေး ကိုယ့်လက်ဖဝါးထဲ နောက်ထပ် လက်သေးသေးလေး
ကဗျာ။

မြတ်ဝေ
၁၄၊ ၁၂၊ ၂၀၁၂

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS