Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ခါး သီး သော ကာ လ များ မှ လွန် သော်

မဲညစ်ညစ်ဘဝတွေကို
ရေညှစ်လှန်းလိုက်ရုံနဲ့တော့
ဘဝပိုင်ကံတရားတွေ
တောက်ပြောင်မလာခဲ့ပြန်ဘူး
ဖွတ်သထက်ညစ်နေတဲ့စိတ်တွေ
လူရောင်ကိုလွင့်စေခဲ့ပေါ့ ။

လောကနိယာမအမှားတွေကို
တစ်ပိုင်တစ်နိုင်ထုပ်ပိုးရင်း
အဖြစ်အပျက်နဲ့ဝေးရာဆီ
သင်္ခါရဆန်ဆန်ပြေးထွက်ခဲ့တယ်
စိတ်နဲ့မလွတ်ကင်းတဲ့လမ်းကျဉ်းထဲ
ကိုယ့်အရိပ်ကိုပြန်နင်း
သောကအိပ်မက်တွေမိုးမလင်းခဲ့ဘူး

စိတ်နဲ့ကိုယ်နှစ်ခြမ်းကွဲသွားတိုင်း
အသက်ရူသံကိုချွေတာရင်း
အခါခါပြန်ဆောက်တည်ခဲ့ရတဲ့
နေ့သစ်မျှော်လင့်ခြင်းတွေပေါ့
သူလိုကိုယ်လိုသောက်နေကြတဲ့
မိုးခါးရေတောင်ခွဲတမ်းကျမရခဲ့ဘဝ
နောက်ထပ်ဘာဆုကိုမှမလိုချင်ဘူး

လွန်းထိုးနေတဲ့ရှင်သန်မှုနဲ့
ရှုံးနိမ့်ခြင်းကိုအံတုဖို့
ယက်ခပ်စရာမလိုတော့တဲ့
အေးစက်စက်ထမင်းတစ်နပ်မှာ
သက်ပြင်းချိုချိုကိုရောမြိုရင်း
လက်တံတံတိုတိုလေးနဲ့အတူ
မနက်ဖြန်တွေဆီရွေ့နေဆဲပေါ့ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS