Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

လက် ရှိ ရဲ့ လက် မဲ့

နှစ်ခါပြန်အရှို့ခံရတဲ့
မီးသွေးခဲတွေလို
ဘဝတစ်ခုလုံးမည်းကျွမ်းလို့ပေါ့
လက်ခုပ်တီးသံတွေမျှော်တိုင်း
လက်တွေခုတ်အဖြတ်ခံခဲ့ရတယ်
ဘာအလှတရားမှမပါဘဲ
ခင်းကျင်းထားလိုက်တာများ
ဘဝအာနိသင်တွေမရှ်ိတော့သလောက်ပါပ

ဘဝကိုရေလောင်းပေါင်းသင်မယ့်
လက်လှလှတွေလိုနေသေးတယ်
အသားနာတာထက်စာရင်
ဘဝမနာဖို့အရေးကြီးတယ်ဆိုလို့
တစ်လှမ်းချင်းသွားကာမှ
အောင်မြင်မှုကတစ်ဆစ်ဆစ်နာလာတယ်

မက်လက်စအိပ်မက်လက်ကျန်ကို
နောက်တစ်ရက်ဆက်မက်ဖို့
ညတွေမလုံလောက်တော့တဲ့အခါ
နေ့ကိုညလိုဖန်ဆင်းခဲ့မိတယ်
အံချော်မှုအလီလီကိုဆွဲတည့်ရင်း
အမြင်နီးတဲ့ခရီးတွေသာ
ပိုပိုဝေးလာခဲ့တယ်

ကောင်းကင်ကိုမော့ကြည့်ရင်း
အရူးဆန်ပိုင်ဆိုင်လိုမှုက
လွင့်ပါးနေတဲ့တိမ်တွေကိုပေါ့
လေနှင်ရာသွားမှာထက်စာရင်
ခြောက်ကပ်ကပ်ဘဝတွေထဲ
မိုးရေတွေအဖြစ်ခုန်ချစေချင်ခဲ့တယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS