Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

နင့် နင့် နာ နာ "လွင့် "ကျန်

ဝတ်ကြေတမ်းကြေနဲ့ပဲ
ငါ လွမ်းပါရစေတော့ချစ်သူ
ယုံကြည်မှုအသေတွေ
တစ်ဖက်သတ်ညွှတ်ကိုင်းလာမှ
ဘဝတွေလွင့်ကွာချိန်တန်ေ ကြာင်း
ငါနားလည်ခဲ့တာပါ

ဘေးထွက်ဆိုးကျိုးများတဲ့...
ငါတို့ရဲ့ချစ်ခြင်းဟာ
သက်တမ်းမရှည်မှန်းသိသိနဲ့
ဆွဲဆန့်ခဲ့သမျှလည်းပြတ်ပေါ့
ငါတို့တွေလွမ်းကြမယ်ဆိုတာ
ဘယ်သူမှမကြားပါစေနဲ့ ချစ်သူ

အသိုင်းအဝိုင်းနဲ့ငါတို့ရဲ့ကြား
မေတ္တတရားဆိုတာ
အမြဲပြဒါးမဲ့နေတဲ့မှန်ပါ
အိပ်မက်တို့ဈာပနမှာ
ကိုယ်ကိုတိုင်ထိုင်ငိုရတာလောက်
ဘယ်အဖြစ်မှ နင့်စရာမရှိဘူး

နှစ်ဦးသားပေါင်းလက်ထဲက
ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတဲ့အရာ
ကပိုကရိုပြေးဆင်းခဲ့တယ်
ဖူးစာရေးနတ်ရဲ့နှုတ်ထွက်မှာ
တို့တွေ နမိတ်ဖတ်မှားခဲ့တယ်ထင်ရဲ့

လေသွေးညို

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS