(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ရင် ခွင် နွေး နွေး
Labels:
online poem
သူ့ စကားသံမိုးဖွဲလေးထဲ
ရင်အစိုခံခဲ့သူပါ
ရုတ်တ်ရက်
ပန်းနုရောင်အဖူးငုံဆီက
ပစ်လွှတ်လိုက်တဲ့ရယ်သံဟာ
ငါ့ ရင်ဘတ်တစ်ခြမ်းကို
တိုးတိုးလေးဖြတ်သန်းသွားပေါ့
အသံမပေးဘဲဝင်လာတဲ့
သူ့ အပြုံးတစ်စဟာ
အိပ်မက်အခန်းရှည်ကိုမက်စေခဲ့
သူ့ အတွက်ချစ်ခြင်း
တိတ်တစ်ဆိတ်ရေရွတ်လို့
ကမ်းလင့်လက်နွေးနွေးမှာ
မျှော်လင့်ချက်ရေးရေးရှိရဲ့
ဘဝတစ်စုံမြဲဖို့တွဲမယ့်လက်မှာ
ဆုံခဲ့ဖူးတဲ့မျက်ဝန်းတစ်စုံဟာ
တို့လျှောက်မယ့်လမ်းပါပဲ
ငါ့ရင်အုံနွေးနွေးထဲက
သူ့ ရယ်သံသွဲ့သွဲ့ဟာ
ခုထက်ထိ လေးနက်နေဆဲပဲဆိုတာ
လေသွေးညို —
ရင်အစိုခံခဲ့သူပါ
ရုတ်တ်ရက်
ပန်းနုရောင်အဖူးငုံဆီက
ပစ်လွှတ်လိုက်တဲ့ရယ်သံဟာ
ငါ့ ရင်ဘတ်တစ်ခြမ်းကို
တိုးတိုးလေးဖြတ်သန်းသွားပေါ့
အသံမပေးဘဲဝင်လာတဲ့
သူ့ အပြုံးတစ်စဟာ
အိပ်မက်အခန်းရှည်ကိုမက်စေခဲ့
သူ့ အတွက်ချစ်ခြင်း
တိတ်တစ်ဆိတ်ရေရွတ်လို့
ကမ်းလင့်လက်နွေးနွေးမှာ
မျှော်လင့်ချက်ရေးရေးရှိရဲ့
ဘဝတစ်စုံမြဲဖို့တွဲမယ့်လက်မှာ
ဆုံခဲ့ဖူးတဲ့မျက်ဝန်းတစ်စုံဟာ
တို့လျှောက်မယ့်လမ်းပါပဲ
ငါ့ရင်အုံနွေးနွေးထဲက
သူ့ ရယ်သံသွဲ့သွဲ့ဟာ
ခုထက်ထိ လေးနက်နေဆဲပဲဆိုတာ
လေသွေးညို —