(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ခြေ ရာ ပြည့် နေ ဆဲ ချိုင့် ခွက်
Labels:
online poem
ကလေးတစ်ယောက်လှိမ့်နေတဲ့
ကားတာယာအောက်ကမြေကြီး
ခဏကြာတော့
စီမံကိန်းကားကြီးပေါ်တက်ပြေးလို့
ကလေးရဲ့ပျော်ရွှင်မှုသိမ်ငယ်ခဲ့
ချိုင့်ခွက်တွေများတဲ့ရပ်ကွက်မှာ
ဆူညံသံတွေကြားတာဆန်းလား
အဝတ်နွမ်းသူခေါင်းပေါ်က
အကွပ်မဲ့တောင်းထဲမှာ
အဖိုးနည်းအသီးအရွက်တွေဟာ
တန်ဖိုးကြီးမှန်းမသိခဲ့ဘူး
ညည်းညူသံတွေကလွဲရင်
စိတ်အသေတွေကငြိမ်ဆိတ်
တစ်ခါတစ်ရံ
ဟောင်သံကိုထကြည့်ရင်း
မိုးလင်းပစ်ခဲ့တဲ့ညတွေထဲ
သူတစ်ပါးတံတွေးနဲ့သာ
မျက်နှာသစ်ခဲ့ရတယ်
လက်တွန်းလှည်းပေါ်က
ရွက်စိမ်းစိမ်းအမှိုက်များ
သမုဒ္ဒရာထဲဖြန့်ကြဲဖို့လာနေတာ
ဖိနပ်တိုတိုခြေသံတွေပါ
ဒီလိုနဲ့ အခန်းဆက်သံသရာထဲ
နွမ်းပါးပါးနေ့စွဲတွေလည်း
လက်တွဲမဖြုတ်ခဲ့ပြန်ဘူး ။
လေသွေးညို
ကားတာယာအောက်ကမြေကြီး
ခဏကြာတော့
စီမံကိန်းကားကြီးပေါ်တက်ပြေးလို့
ကလေးရဲ့ပျော်ရွှင်မှုသိမ်ငယ်ခဲ့
ချိုင့်ခွက်တွေများတဲ့ရပ်ကွက်မှ
ဆူညံသံတွေကြားတာဆန်းလား
အဝတ်နွမ်းသူခေါင်းပေါ်က
အကွပ်မဲ့တောင်းထဲမှာ
အဖိုးနည်းအသီးအရွက်တွေဟာ
တန်ဖိုးကြီးမှန်းမသိခဲ့ဘူး
ညည်းညူသံတွေကလွဲရင်
စိတ်အသေတွေကငြိမ်ဆိတ်
တစ်ခါတစ်ရံ
ဟောင်သံကိုထကြည့်ရင်း
မိုးလင်းပစ်ခဲ့တဲ့ညတွေထဲ
သူတစ်ပါးတံတွေးနဲ့သာ
မျက်နှာသစ်ခဲ့ရတယ်
လက်တွန်းလှည်းပေါ်က
ရွက်စိမ်းစိမ်းအမှိုက်များ
သမုဒ္ဒရာထဲဖြန့်ကြဲဖို့လာနေတာ
ဖိနပ်တိုတိုခြေသံတွေပါ
ဒီလိုနဲ့ အခန်းဆက်သံသရာထဲ
နွမ်းပါးပါးနေ့စွဲတွေလည်း
လက်တွဲမဖြုတ်ခဲ့ပြန်ဘူး ။
လေသွေးညို