(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
Labels:
online poem
ငါငယ်ငယ်ကမြင်ဖူးတဲ့
ဧရာဝတီ
နှစ်နှစ်ဆယ်အနည်ကျလည်း
မပြောင်းမလဲသာတည်ခဲ့။
သမိုင်းတွေအတွင်တွင်ရေး
ပြီးရင်သွေးစက်တွေ
လာလာဆေးခဲ့ကြတာပေါ့။
ရဲသွေးမည်းသွေး
အကြိမ်ကြိမ်ရော
ပြာလဲ့လဲ့ကြည်တဲ့
သဘောကိုမချတဲ့
မြစ်မင်းဧရာဝတီ
အခုတော့
နည်းနည်းတောင်
နောက်ချင်လာသလိုပဲ။
သစ္စာကြီးတာကို
တဖက်သာရူးတဲ့
လူ့ဘီလူးတွေက
မသက်မညှာနဲ့
သတ်ချင်သတဲ့
အရင်းရာအတည်
အစပြု
အကြောင်းအတုတွေ
ဘယ်လိုပဲစုစေ
ခွေးကိုက်လို့တော့
ဧရာဝတီဟာ
မသေနိုင်ပါဘူး။
အမုန်းတရားတွေကွိုဆက်လို့ပြို
မျက်ရည်မိုးတွေ
ဝုန်းဒိုင်းသုန်တော့
အေးမြရေတွေဝေး
သောကအပူသွေးတွေနဲ့
ဧရာဝတီဟာစွေးလို့
နီရဦးမယ်
သခင်ပျောက်တဲ့
နောက်တွင်ပေါ့။
ရဲစို
ဧရာဝတီ
နှစ်နှစ်ဆယ်အနည်ကျလည်း
မပြောင်းမလဲသာတည်ခဲ့။
သမိုင်းတွေအတွင်တွင်ရေး
ပြီးရင်သွေးစက်တွေ
လာလာဆေးခဲ့ကြတာပေါ့။
ရဲသွေးမည်းသွေး
အကြိမ်ကြိမ်ရော
ပြာလဲ့လဲ့ကြည်တဲ့
သဘောကိုမချတဲ့
မြစ်မင်းဧရာဝတီ
အခုတော့
နည်းနည်းတောင်
နောက်ချင်လာသလိုပဲ။
သစ္စာကြီးတာကို
တဖက်သာရူးတဲ့
လူ့ဘီလူးတွေက
မသက်မညှာနဲ့
သတ်ချင်သတဲ့
အရင်းရာအတည်
အစပြု
အကြောင်းအတုတွေ
ဘယ်လိုပဲစုစေ
ခွေးကိုက်လို့တော့
ဧရာဝတီဟာ
မသေနိုင်ပါဘူး။
အမုန်းတရားတွေကွိုဆက်လို့ပြို
မျက်ရည်မိုးတွေ
ဝုန်းဒိုင်းသုန်တော့
အေးမြရေတွေဝေး
သောကအပူသွေးတွေနဲ့
ဧရာဝတီဟာစွေးလို့
နီရဦးမယ်
သခင်ပျောက်တဲ့
နောက်တွင်ပေါ့။
ရဲစို