(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
စေတနာ
Labels:
online poem
ခုခေတ်ချိန်ခါ ပြည်မြန်မာတွင်
ညီခင်နောင်ဘွား နှမများရယ်
အချိန်လွယ်တိုင်း အွန်လိုင်းပေါ်တက်
ဖေ့စ်ဘွတ်ခ်ထက်မှာ ဟိုစာသည်ပုံ
အစုံစုံတင် ကိုထင်ရာရေး
ကွန်မန့်ပေးကာ ရှယ်ယာလည်းလုပ်
လိုက်ခ်လည်းလုပ်ကြ စနောက်ကြရင်း
သူငယ်ချင်းများတိုးပွားလာ...။
တိုးပွားလာသူ ထိုသူငယ်ချင်း
စိတ်ရင်းလည်းကောင်း သဘောကောင်းနှင့်
အကြောင်းသင့်ရာ ညွှန်ပြပါမှ
ခင်လာရကျိုးနပ်ပေတာ...။
ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာတစ်ပုဒ်ဖတ်
ကြေနပ်စရာ မရှိပါငြား
စိတ်ထားသဘော ဒေါသအတိုင်း
ရိုင်းစိုင်းစာများ မရေးသားနှင့်
စကားပုံလာ သူငါများသိ
အမိယုတ်သား နှုတ်ကြမ်းတာ...။
ဖေ့စ်ဘွတ်ခ်သုံးကြ မောင်နှမတို့
ကိုယ့်ဖို့ဘယ်ဟာ ကျိုးရှိပါနိုင်
ကိုယ်တိုင်သာတွေး ကိုယ်တိုင်ရွေးလို့
ကိုယ်ရွေးသည့်လမ်း ဖြောင့်တန်းပါသား
ဤကားအိမ်စာ ဤမှာအလုပ်
ထုတ်နှုတ်ကာသိ မိဘလည်းကူ
အပူကင်းသည် ညီညီမတို့
စိတ်ချမ်းသာ...။
မိုးသက်ငွေ
ညီခင်နောင်ဘွား နှမများရယ်
အချိန်လွယ်တိုင်း အွန်လိုင်းပေါ်တက်
ဖေ့စ်ဘွတ်ခ်ထက်မှာ ဟိုစာသည်ပုံ
အစုံစုံတင် ကိုထင်ရာရေး
ကွန်မန့်ပေးကာ ရှယ်ယာလည်းလုပ်
လိုက်ခ်လည်းလုပ်ကြ စနောက်ကြရင်း
သူငယ်ချင်းများတိုးပွားလာ...။
တိုးပွားလာသူ ထိုသူငယ်ချင်း
စိတ်ရင်းလည်းကောင်း သဘောကောင်းနှင့်
အကြောင်းသင့်ရာ ညွှန်ပြပါမှ
ခင်လာရကျိုးနပ်ပေတာ...။
ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာတစ်ပုဒ်ဖတ်
ကြေနပ်စရာ မရှိပါငြား
စိတ်ထားသဘော ဒေါသအတိုင်း
ရိုင်းစိုင်းစာများ မရေးသားနှင့်
စကားပုံလာ သူငါများသိ
အမိယုတ်သား နှုတ်ကြမ်းတာ...။
ဖေ့စ်ဘွတ်ခ်သုံးကြ မောင်နှမတို့
ကိုယ့်ဖို့ဘယ်ဟာ ကျိုးရှိပါနိုင်
ကိုယ်တိုင်သာတွေး ကိုယ်တိုင်ရွေးလို့
ကိုယ်ရွေးသည့်လမ်း ဖြောင့်တန်းပါသား
ဤကားအိမ်စာ ဤမှာအလုပ်
ထုတ်နှုတ်ကာသိ မိဘလည်းကူ
အပူကင်းသည် ညီညီမတို့
စိတ်ချမ်းသာ...။
မိုးသက်ငွေ