(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
(တောထမင်းဝိုင်း)
Labels:
online poem
ဘူးဖရုံဆတ်တာစုံလေစွာကို
တောကျအလေ့ပေါက်
ရသလောက်တော့
သမီးနဲ့ဇနီးကခူးခဲ့သည်။
အသုံးချလေးခတ်အိမ်ရှင်နတ်က
ချိုးဌက်ဆက်ရက်
ယုန်နဲ့ကြွက်ကို
ခွေးကလည်းကိုက်
လူကလည်းလိုက်နှင့်
တောခွင်တောင်ရိုး
ဖမ်းယူပိုးသည်။
သားငယ်ငတာတီး
အကြီးကောင်ငဗျာသီးလဲ
အင်းအိုင်ချောင်းမြောင်း
လယ်စပ်စောင်းပါမကျန်
ငါးကိုရှာဖါးကို ထိုး
ဂဏန်းနဲ့ပုဇွန်တို့်
ရရာတော့ပလိုင်းထဲထိုးခဲ့သည်။
အိမ်သူရှင်မဇနီးမှလည်း
လင်နဲ့သမီးသား
ရှာဖွေထားသည်များကို
ဖုတ်ကင်ချက်ပြုတ်
ကြော်လှော်သုတ်ရှာသည်။
ဆီကပါးပါး
အမွှေးအပရှားလည်း
လတ်ဆတ်တောစာ
သန့်လှစွာမို့
လေညှင်းတိုက်ရာ
မွှေးရနံသာသည်။
ချက်ပြုတ်ပြင်ဆင်
ကျက်ခဲ့လျှင်တော့
်
အိမ်တွင်းရှိရာရှင်မြတ်စွာနဲ့
ဆွမ်းခံသည့်ကျောင်း
ရွာကသံဃာအပေါင်းကို
လှုဖွယ်ဆက်ကပ်
နိဗ္ဗန်အကျိုးရည်ဆပ်သည်။
ထို့နောက်တွင်တော့
အဖွားကဒေါ်စာအဖိုးဦးမြရာနဲ့
သမီးနဲ့သမက်မြေးမြစ်တဆက်
ထမင်းကြိုခူးခပ်
စည်စည်တည်ကျက်မည်
ဟင်းချိုကပူ
အသားကဆူနဲ့
ငရုတ်သီးကစပ်
ယုန်နဲ့မှအချိုသက်သည်
ရယ်မောသောညံ
တောထမင်းဝိုင်းဆန်သည်
ဆန်တပြည်ချက်ကျ
ပြုတ်လေစွမို့
လူကောခွေးစာ
အရိုးသာကျန်တော့သည်။
ရဲစိုး
တောကျအလေ့ပေါက်
ရသလောက်တော့
သမီးနဲ့ဇနီးကခူးခဲ့သည်။
အသုံးချလေးခတ်အိမ်ရှင်နတ်က
ချိုးဌက်ဆက်ရက်
ယုန်နဲ့ကြွက်ကို
ခွေးကလည်းကိုက်
လူကလည်းလိုက်နှင့်
တောခွင်တောင်ရိုး
ဖမ်းယူပိုးသည်။
သားငယ်ငတာတီး
အကြီးကောင်ငဗျာသီးလဲ
အင်းအိုင်ချောင်းမြောင်း
လယ်စပ်စောင်းပါမကျန်
ငါးကိုရှာဖါးကို ထိုး
ဂဏန်းနဲ့ပုဇွန်တို့်
ရရာတော့ပလိုင်းထဲထိုးခဲ့သည်။
အိမ်သူရှင်မဇနီးမှလည်း
လင်နဲ့သမီးသား
ရှာဖွေထားသည်များကို
ဖုတ်ကင်ချက်ပြုတ်
ကြော်လှော်သုတ်ရှာသည်။
ဆီကပါးပါး
အမွှေးအပရှားလည်း
လတ်ဆတ်တောစာ
သန့်လှစွာမို့
လေညှင်းတိုက်ရာ
မွှေးရနံသာသည်။
ချက်ပြုတ်ပြင်ဆင်
ကျက်ခဲ့လျှင်တော့
်
အိမ်တွင်းရှိရာရှင်မြတ်စွာနဲ့
ဆွမ်းခံသည့်ကျောင်း
ရွာကသံဃာအပေါင်းကို
လှုဖွယ်ဆက်ကပ်
နိဗ္ဗန်အကျိုးရည်ဆပ်သည်။
ထို့နောက်တွင်တော့
အဖွားကဒေါ်စာအဖိုးဦးမြရာနဲ့
သမီးနဲ့သမက်မြေးမြစ်တဆက်
ထမင်းကြိုခူးခပ်
စည်စည်တည်ကျက်မည်
ဟင်းချိုကပူ
အသားကဆူနဲ့
ငရုတ်သီးကစပ်
ယုန်နဲ့မှအချိုသက်သည်
ရယ်မောသောညံ
တောထမင်းဝိုင်းဆန်သည်
ဆန်တပြည်ချက်ကျ
ပြုတ်လေစွမို့
လူကောခွေးစာ
အရိုးသာကျန်တော့သည်။
ရဲစိုး