(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
"သန်းခေါင်ထက် မည်းနေတဲ့ ငှက်"
Labels:
online poem
ခြောက်ကပ်ကပ် အတွေးများနဲ့
တိတ်တိတ်ကလေး အာခေါင်ခြစ် အော်မိတဲ့
ငါ့အသံ ဘယ်သူတွေကြားနိုင်မလဲ။
ငါဟာ ငါ့အတွက် လုပ်ရင်း
ငါ့ကိုယ်ငါ မပိုင်တဲ့ ငါပါ။
သက်ပြင်းရှိုက်တိုင်း အသက်ကြီးသွားမယ်ဆို
ငါဆိုတာ သေတာကြာလှပြီပေါ့။
အသက်နဲ့ လူလုပ်နေရတာနဲ့ပဲ
အရှက် မလိုတော့တာ ငါပဲလေ။
ငါ့အခက်အခဲရဲ့ တွင်းနက်ကြီးထဲကို
ဘယ်သူက ကူမလိုလိုနဲ့
ဝါးပိုးဝါးကြီး ထိုးထည့်ဦးမှာလဲ။
အောက်တန်းစားလို့ လက်ညှိုးတွေ
အစုံလိုက် ထိုးနေကြတဲ့
လောကဝန်းကျင် ဆိုတာကလား။
ရမ္မက်ဇော ထန်ထန်နဲ့ ငါ့ကံကြမ္မာကို
ဝါးမြိုနေကြ သူတွေကလား။
ငါ့အားအင်တွေကို စုပ်ယူနေတဲ့
ငါကိုယ်တိုင် လုပ်တဲ့ သီလပျက်တွေကလား။
ငါ့ကို ဘယ်ပြဌာန်းချက်တွေက
စီရင်နေကြသလဲ။
ငါမှားသလား ငါမှန်သလား။
ငါမဟုတ်တဲ့ ငါက
ငါ့အတွက်မဟုတ်တဲ့ ငါ့ဘဝ အတွက်
ဒီလို "အပျက်" ဆိုတဲ့
ထိပ်တန်းကျသော ခမ်းနားမှုကြီးနဲ့ပဲ
အမိုးဖွင့် ရက်တွေကို ရှေ့ဆက်ရဦးမှာ။ ။
မေ
တိတ်တိတ်ကလေး အာခေါင်ခြစ် အော်မိတဲ့
ငါ့အသံ ဘယ်သူတွေကြားနိုင်မလဲ။
ငါဟာ ငါ့အတွက် လုပ်ရင်း
ငါ့ကိုယ်ငါ မပိုင်တဲ့ ငါပါ။
သက်ပြင်းရှိုက်တိုင်း အသက်ကြီးသွားမယ်ဆို
ငါဆိုတာ သေတာကြာလှပြီပေါ့။
အသက်နဲ့ လူလုပ်နေရတာနဲ့ပဲ
အရှက် မလိုတော့တာ ငါပဲလေ။
ငါ့အခက်အခဲရဲ့ တွင်းနက်ကြီးထဲကို
ဘယ်သူက ကူမလိုလိုနဲ့
ဝါးပိုးဝါးကြီး ထိုးထည့်ဦးမှာလဲ။
အောက်တန်းစားလို့ လက်ညှိုးတွေ
အစုံလိုက် ထိုးနေကြတဲ့
လောကဝန်းကျင် ဆိုတာကလား။
ရမ္မက်ဇော ထန်ထန်နဲ့ ငါ့ကံကြမ္မာကို
ဝါးမြိုနေကြ သူတွေကလား။
ငါ့အားအင်တွေကို စုပ်ယူနေတဲ့
ငါကိုယ်တိုင် လုပ်တဲ့ သီလပျက်တွေကလား။
ငါ့ကို ဘယ်ပြဌာန်းချက်တွေက
စီရင်နေကြသလဲ။
ငါမှားသလား ငါမှန်သလား။
ငါမဟုတ်တဲ့ ငါက
ငါ့အတွက်မဟုတ်တဲ့ ငါ့ဘဝ အတွက်
ဒီလို "အပျက်" ဆိုတဲ့
ထိပ်တန်းကျသော ခမ်းနားမှုကြီးနဲ့ပဲ
အမိုးဖွင့် ရက်တွေကို ရှေ့ဆက်ရဦးမှာ။ ။
မေ