(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ဖြစ်ရိုးဖြစ်စဉ်များထဲကဖြစ်စဉ်
Labels:
online poem
လမ်းတွေကမာရသွန်ဆန်သထက်
ဆန်လာ
အမှောင်မှာကျင့်သားရနေတဲ့
ခြေထောက်ထဲ စနိုက်ပါတစ်လက်
ထိုးခွဲထည့်ရင်း
တွားသွားတတ်ခဲ့
လူမှုဆက်သွယ်ရေးစနစ်မှာ
ငွေကြေးတွေမကြာခဏ
ကျောချခံရ
နောက်ဆုံးပေါ်ဓားပြတွေလက်ထဲ
တော့ ပီယဝါစာတွေတဖွေးဖွေး
တစိုစို
လူနေမှုအဆင့်အတန်းနိမ့်မြင့်
အပြောင်းအလဲမှာ
အိပ်မက်တွေတောင်"ချို"ထွက်ပြီး
အရိုင်းဆန်တတ်ခဲ့
ကမ်းစပ်နားသွားထိုင်ပြီး
ခဲတစ်လုံးလောက်ပစ်ချလိုက်ရင
သူ့ အတန် သူ့ အတန်
လှိုင်းဂယက်တော့မြင်ရမှာပဲ
သိတယ်
ငရဲပြည်ဆိုတာလည်းတကယ်တော့
လူမွဲတွေပါဝင်ကြေးမပေးပဲ
ကလို့ ရတဲ့ club လေ
လက်သည်းဆိုးဆေး
တစ်ဗူးလောက်တောင်
မစွန်းထင်းရဲပဲ
ကိုယ်တက်နေတဲ့သစ်ပင်
အရောင်မဆိုးချင်စမ်းနဲ့ 
လေဒီရှူးထဲမတော်တဆ
ပြုတ်ကျသွားတဲ့
မျက်ရည်စက်တွေ
ခေါက်ရိုးကျိုးအောင်တကျတန
သိမ်းဆည်းတတ်လာတယ်
သူခိုးပါဆိုမှအရိုးပဲကမ်းရတော့
တာပေါ့
စင်္ကြာဝဠာပြန့် ကားတာ
ကမ္ဘာမြေကြီးပြားလာတာ
ဓာတ်ဆွဲအားသီအိုရီတွေ
ထမင်းတစ်နပ်နဲ့ စာတော့
ပါးလိုက်တာလွှာလို့ 
အသပြာဆိုတာ
အသပြာလို့ ပဲ
အဓိပ္ပာယ်ဖွင့်ဆိုသူအတွက်တော့
ကမ္ဘာမြေကြီးဟာ
ဘယ်အရပ်ကကြည့်ကြည့်
လေးထောင့်စပ်စပ်
ကိုယ့်အပေါ်မော့ကြည်
လေးထောင့်စပ်စပ့်
အသက်ရှူရပ်သွားမယ်
ပြေးပေါက်မရှိဘူး
ကိုယ့်အောက်ငုံ့ ကြည်
လေးထောင့်စပ်စပ့်
အသက်ရှူရပ်သွားမယ်
ပြေးပေါက်မရှိဘူး
နံရံတွေရှူသွင်းပြီး
နံရံတွေမှုတ်ထုတ်နေရတဲ့
တစ်နေ့ တာလှုပ်ရှားသက်ဝင်မှု
ဖြစ်စဉ်တွေရဲ့ အဆုံး
အိပ်ယာဝင်နဖူးပေါ်တင်ထားတဲ့
လက်တွေက
အမေ့အိမ်သီချင်း ထဆိုတော့
အထီးကျန်ခြင်းတောခြောက်ခံ
ထားရတဲ့အသိစိတ်ကလေး
မသိမသာ
ဘေးကပ်ပေးထားလိုက်ရတယ်
တစ်ထောင့်တစ်ညမက
တာ့တာ ပြထားခဲ့ရတဲ့
သင်ဖြူးဖျာခင်းကျောတစ်နေရာစာ
က
"ဟိုတုနိးကလိုများကိုယ့်အပေါ်ချစ်
သေးလား"မေးလာခဲ့ရင်
ဘရိတ်ဓားတစ်ချောင်းလို
မြိနေအောင်သွေးထားတဲ့
အကြည့်လက်လက်တွေတောက်
သွားတဲ့အထိ
ဆွေးဆွေးမြည့်မြည့်
ပြုံးဖြစ်ဦးမယ်……။
လရိပ်ပြာ ကြို့ပင်ကောက်။
ဆန်လာ
အမှောင်မှာကျင့်သားရနေတဲ့
ခြေထောက်ထဲ စနိုက်ပါတစ်လက်
ထိုးခွဲထည့်ရင်း
တွားသွားတတ်ခဲ့
လူမှုဆက်သွယ်ရေးစနစ်မှာ
ငွေကြေးတွေမကြာခဏ
ကျောချခံရ
နောက်ဆုံးပေါ်ဓားပြတွေလက်ထဲ
တော့ ပီယဝါစာတွေတဖွေးဖွေး
တစိုစို
လူနေမှုအဆင့်အတန်းနိမ့်မြင့်
အပြောင်းအလဲမှာ
အိပ်မက်တွေတောင်"ချို"ထွက်ပြီး
အရိုင်းဆန်တတ်ခဲ့
ကမ်းစပ်နားသွားထိုင်ပြီး
ခဲတစ်လုံးလောက်ပစ်ချလိုက်ရင
သူ့ အတန် သူ့ အတန်
လှိုင်းဂယက်တော့မြင်ရမှာပဲ
သိတယ်
ငရဲပြည်ဆိုတာလည်းတကယ်တော့
လူမွဲတွေပါဝင်ကြေးမပေးပဲ
ကလို့ ရတဲ့ club လေ
လက်သည်းဆိုးဆေး
တစ်ဗူးလောက်တောင်
မစွန်းထင်းရဲပဲ
ကိုယ်တက်နေတဲ့သစ်ပင်
အရောင်မဆိုးချင်စမ်းနဲ့ 
လေဒီရှူးထဲမတော်တဆ
ပြုတ်ကျသွားတဲ့
မျက်ရည်စက်တွေ
ခေါက်ရိုးကျိုးအောင်တကျတန
သိမ်းဆည်းတတ်လာတယ်
သူခိုးပါဆိုမှအရိုးပဲကမ်းရတော့
တာပေါ့
စင်္ကြာဝဠာပြန့် ကားတာ
ကမ္ဘာမြေကြီးပြားလာတာ
ဓာတ်ဆွဲအားသီအိုရီတွေ
ထမင်းတစ်နပ်နဲ့ စာတော့
ပါးလိုက်တာလွှာလို့ 
အသပြာဆိုတာ
အသပြာလို့ ပဲ
အဓိပ္ပာယ်ဖွင့်ဆိုသူအတွက်တော့
ကမ္ဘာမြေကြီးဟာ
ဘယ်အရပ်ကကြည့်ကြည့်
လေးထောင့်စပ်စပ်
ကိုယ့်အပေါ်မော့ကြည်
လေးထောင့်စပ်စပ့်
အသက်ရှူရပ်သွားမယ်
ပြေးပေါက်မရှိဘူး
ကိုယ့်အောက်ငုံ့ ကြည်
လေးထောင့်စပ်စပ့်
အသက်ရှူရပ်သွားမယ်
ပြေးပေါက်မရှိဘူး
နံရံတွေရှူသွင်းပြီး
နံရံတွေမှုတ်ထုတ်နေရတဲ့
တစ်နေ့ တာလှုပ်ရှားသက်ဝင်မှု
ဖြစ်စဉ်တွေရဲ့ အဆုံး
အိပ်ယာဝင်နဖူးပေါ်တင်ထားတဲ့
လက်တွေက
အမေ့အိမ်သီချင်း ထဆိုတော့
အထီးကျန်ခြင်းတောခြောက်ခံ
ထားရတဲ့အသိစိတ်ကလေး
မသိမသာ
ဘေးကပ်ပေးထားလိုက်ရတယ်
တစ်ထောင့်တစ်ညမက
တာ့တာ ပြထားခဲ့ရတဲ့
သင်ဖြူးဖျာခင်းကျောတစ်နေရာစာ
က
"ဟိုတုနိးကလိုများကိုယ့်အပေါ်ချစ်
သေးလား"မေးလာခဲ့ရင်
ဘရိတ်ဓားတစ်ချောင်းလို
မြိနေအောင်သွေးထားတဲ့
အကြည့်လက်လက်တွေတောက်
သွားတဲ့အထိ
ဆွေးဆွေးမြည့်မြည့်
ပြုံးဖြစ်ဦးမယ်……။
လရိပ်ပြာ ကြို့ပင်ကောက်။