Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

စာ အိတ် ထဲ မှ အ ရိုး စု များ

ကဗျာတစ်ပုဒ်ချရေးဖို့
အရိုးစုတစ်စုရဲ့အိတ်ဖွင့်ပေးစာမှာ
သမိုင်းတစ်ချို့ပါတယ်
သူတို့ရဲ့မျက်စိရှေ့မှာဖြတ်ပြေးခဲ့တဲ့
ရိုးရိုးယဉ်ယဉ်နေ့ရက်တွေ
အခုအဝတ်စလစ်ဖြစ်လို့

တံခါးပေါက်ပျက်နေတဲ့မြို့မှာ
လေစိမ်းတွေခဏခဏဝင်လို့
လူသူအများဖျားနာနေကြာင်း
အရိုးတစ်စုကပြောပြတယ်
သက္ကရာဇ်အတော်ကြာရေနှစ်ခံရတဲ့
မြို့ရိုးရဲ့အရိပ်များ အခုထိ
ပကတိလှနေဆဲဆိုတာ

ခပ်နွမ်းနွမ်းလမ်းလေးထဲက
နိယာမမဲ့အသွားပြန်တွေလည်း
မျက်နှာချင်းဆိုင်သွားနေရကြောင်
အားအားရှိခလုတ်တိုက်မိနေတဲ့
သူစိမ်းဆန်ဆန်အကြည့်တွေ
မြို့တစ်မြို့ရဲ့ဖော်ရွေမှုဆိုတာ
အရိုးစုတွေကပဲပြောပြတယ်

ပိဿချိန်နဲ့ထုတ်ရောင်းခဲ့တဲ့
အချိန်အစုတ်အဟောင်းတွေထဲ
သူတို့ရှာမတွေ့ခဲ့တဲ့နောင်တကို
ဆက်ရှာပေးဖို့လည်း
အရိုးတစ်စုကမှာခဲ့သေးတယ်
အရိုးစုဆိုပေမယ့်သူ့အသက်ရူသံမှာ
အလိုမကျမှုတွေရှိနေတယ်
ဘာကြောင့်ဆိုတာမသိဘူး
ကဗျာဖွဲ့မရတဲ့ဝှက်ဖဲမို့
အန်ထုတ်ဖို့ဝန်လေးနေတယ်ထင်ပါရဲ့

လေသွေးညို
 

 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS