Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ရင် ခွင် ရင်း များ ဆီ သို့

စိမ်းပြီးကားနေတဲ့ ပတ်ဝန်းကျင်
သန့်စင်မှု မရှိတဲ့ အပြုံးတွေကြား
ခံစားမှုအခါးတွေ မြိုသိပ်လို့
သားလေ……
တိတ်တိတ်ကလေး
လှမ်းလျှောက်နေတတ်ပြီ
အမေ…။

မြင်နေရ တွေ့နေရ၊
မြင်နေကျ တွေ့နေကျအရာတွေ
ခြားနားလိုက်ပုံများ
စိတ်သွားပြီး ကိုယ်ပါလေသမျှ
လွမ်းစရာ့ သက်သက်ကို
ဖြစ်နေလို့ပေါ့…အမေရယ်။

သူစိမ်းဆန်လွန်းတဲ့ သူစိမ်းတွေကြား
အိပ်မက်အားတွေကိုပဲ
လက်ထဲမှာ မြဲမြဲဆုပ်လို့
အခက်အခဲတွေကို အမှိုက်တစ်စလို
သားပစ်ချနိုင်ခဲ့ပါပြီ…အမေ။

ဖိလို့ ပိ၊ ပိလို့ ထ
ထိလို့ကြွတဲ့ ရုန်းအား
ညနက်နက်များမှာ ကျေနပ်ခြင်းကို
ခပ်ပါးပါးလေး အရောင်ခြယ်လို့
အားအင်သစ်တွေ
မွေးဖွါးခဲ့တယ်…အမေရယ်။

သားလေ……
အရင်တုန်းကလို
အမေငိုတာမသိ
ဇာတိမှာလည်း ပုညမကပ်
လူပေ လူဆိုး ဇာတ်
မက တော့ပါဘူးအမေ။

အမေ့အတွက်
ဗွက်ထခဲ့တဲ့ ချွေးစက်တွေ
ဘဝရဲ့ မိတ်ဖက်ဖြစ်လာအောင်
တည်ဆောက်ခဲ့တဲ့ အိပ်မက်တွေ
အခုတော့…"အကောင်" လိုက်ကြီး
"ထည်"ခဲ့ပြီပေါ့နော်။

သားချစ်ရတဲ့ အမေနဲ့
အမေချစ်တဲ့ ရာဇဝင်ထဲကမြို့
လွမ်းတတ်လို့၊ လွမ်းနေလို့ပေါ့။
ကျုံးနဘေး ညနေခင်းတွေနဲ့
ဦးပိန်ရဲ့ နေဝင်ချိန်တွေဆီ
တိမ်နီတွေကို အားရပါးရ လွေး ရအောင်
ရွှေမန္တလေး နရီချိုမြို့နဲ့
အပြုံးစို့နေမယ့် အမေ့ရင်နန်းဆီ
သားပြန်လာပြီ အမေ……။ ။


"မန္တလေးကိုလွမ်းနေတဲ့ သူငယ်ချင်း
Thu Ta Win Htein အတွက်
အိမ်ပြန်လက်ဆောင်"

မေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS