(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
"မွေးရပ်ဌာနေ"
Labels:
online poem
ရွှေဘိုအနောက် အလည်ရောက်လျှင်
တစ်ခေါက်ဝင်ပါ ဆွေသဟာတို့
ဆာယာအေးရိပ် ချွေးသိပ်ဖို့ရာ
ကျုပ်တို့ရွာကား ကြွားဝါမဆို
ညင်သာချိုပြော စိတ်မနောဖြူ
ပြူငှာဧည့်ဝတ် မယွင်းချွတ်စေ
မျိုးဆွေပမာ စောင့်ရှောက်ပါဘိ
မသိလည်းခေါ် သိလည်းခေါ်ကြ
သဘာဝတော ဓလေ့ပါ...။
ရွာတည်ပုံကို ဖွဲ့၍ဆိုသော်
ရွှေဘိုနှင့်ရွာ ခြောက်မိုင်ကွာသည်
ထွက်လာနောက်ခြမ်း ရေဦးလမ်းမှ
မည်ဆန်းခေါ်ဆို ဇီးကုန်းကိုတွေ့
ညာကိုကွေ့ငြား မမှားမဖောက်
လက်တံခြောက်ကို ဆိုက်ရောက်ပါမည်
ရေကြည်စုံဆင်း လက်တံရင်းတိုင်း
စီးနင်းလိုက်လာ မိတ်သဟာတို့
ဒို့ရွာဝင်လမ်း ထနောင်းတန်းနှင့်
အေးချမ်းသာယာ လှပစွာ..။
ရွာအ၀င်ဝ ဆိုင်းဘုတ်လှနှင့်
စံပြကျေးရွာ ဒို့ကုန်းသာကား
ဘာသာအရေး လက်မနှေးကြ
ချင့်တွေးတတ်ရာ ခေတ်ပညာလည်း
သင်ကာတတ်စေ ပေးမျှဝေကာ
ဒို့ကျန်းမာရေး ဦးစားပေးလျှက်
ဆေးပေးခန်းရယ် ရွာအလယ်တွင်
ခန့်ထည်လှစွာ တည်ရှိတာ..။
ရွာဧ။်တောင်ဘက် လက်တံထက်တွင်
ဟိုဘက်နှစ်က ကြိုးစားကြ၍
ရေမှအားကူ လျှပ်စစ်ယူကာ
ဒို့ကျေးရွာနှံ့ ဓါတ်အားဖြန့်သည့်
ရွာဧ။်ဂုဏ်ဖော် စက်ရုံတော်ကား
ဝင့်ဝင့်ကြွားစွာ ပေါ်ထွက်လာ..။
ထိုစက်ရုံသာ ဖြတ်၍လာလျှင်
ဒို့စာသင်ကျောင်း အဆောင်ကောင်းနှင့်
သားကောင်းများစွာ မွေးထုတ်ကာပေး
ပိုယဉ်ကျေးအောင် ညွှန်ပေးဆုံးမ
ဘုန်းဘုရာ့ဧ။် ကျောင်းတော်ဝိဟာ
တည်ရှိပါလျှက် တန်ခိုးထက်လှ
သာသနာ့အောင်မြေဆိုလောက်ရာ..။
ယခုတဖန် အားထုတ်ပြန်ကြ
အလျှံထိန်ညီး စိုးရမီးကို
အပြီးသွယ်ယူ ဒို့ရွာလူထု
လူနေမှုဆင့် မြင့်မားလာ..။
ဤသို့ဤနှယ် ပျော်ရွှင်ဖွယ်ရာ
ဒို့နယ်ရွာသို့ လည်လာကြရန်
ဖိတ်ခေါ်သံပြု ဤစာစုလေး
ကျွန်တော်ရေးပေ ချမ်းအေးစေသားဆွေသဟာ..။
မိုးသက်ငွေ
တစ်ခေါက်ဝင်ပါ ဆွေသဟာတို့
ဆာယာအေးရိပ် ချွေးသိပ်ဖို့ရာ
ကျုပ်တို့ရွာကား ကြွားဝါမဆို
ညင်သာချိုပြော စိတ်မနောဖြူ
ပြူငှာဧည့်ဝတ် မယွင်းချွတ်စေ
မျိုးဆွေပမာ စောင့်ရှောက်ပါဘိ
မသိလည်းခေါ် သိလည်းခေါ်ကြ
သဘာဝတော ဓလေ့ပါ...။
ရွာတည်ပုံကို ဖွဲ့၍ဆိုသော်
ရွှေဘိုနှင့်ရွာ ခြောက်မိုင်ကွာသည်
ထွက်လာနောက်ခြမ်း ရေဦးလမ်းမှ
မည်ဆန်းခေါ်ဆို ဇီးကုန်းကိုတွေ့
ညာကိုကွေ့ငြား မမှားမဖောက်
လက်တံခြောက်ကို ဆိုက်ရောက်ပါမည်
ရေကြည်စုံဆင်း လက်တံရင်းတိုင်း
စီးနင်းလိုက်လာ မိတ်သဟာတို့
ဒို့ရွာဝင်လမ်း ထနောင်းတန်းနှင့်
အေးချမ်းသာယာ လှပစွာ..။
ရွာအ၀င်ဝ ဆိုင်းဘုတ်လှနှင့်
စံပြကျေးရွာ ဒို့ကုန်းသာကား
ဘာသာအရေး လက်မနှေးကြ
ချင့်တွေးတတ်ရာ ခေတ်ပညာလည်း
သင်ကာတတ်စေ ပေးမျှဝေကာ
ဒို့ကျန်းမာရေး ဦးစားပေးလျှက်
ဆေးပေးခန်းရယ် ရွာအလယ်တွင်
ခန့်ထည်လှစွာ တည်ရှိတာ..။
ရွာဧ။်တောင်ဘက် လက်တံထက်တွင်
ဟိုဘက်နှစ်က ကြိုးစားကြ၍
ရေမှအားကူ လျှပ်စစ်ယူကာ
ဒို့ကျေးရွာနှံ့ ဓါတ်အားဖြန့်သည့်
ရွာဧ။်ဂုဏ်ဖော် စက်ရုံတော်ကား
ဝင့်ဝင့်ကြွားစွာ ပေါ်ထွက်လာ..။
ထိုစက်ရုံသာ ဖြတ်၍လာလျှင်
ဒို့စာသင်ကျောင်း အဆောင်ကောင်းနှင့်
သားကောင်းများစွာ မွေးထုတ်ကာပေး
ပိုယဉ်ကျေးအောင် ညွှန်ပေးဆုံးမ
ဘုန်းဘုရာ့ဧ။် ကျောင်းတော်ဝိဟာ
တည်ရှိပါလျှက် တန်ခိုးထက်လှ
သာသနာ့အောင်မြေဆိုလောက်ရာ..။
ယခုတဖန် အားထုတ်ပြန်ကြ
အလျှံထိန်ညီး စိုးရမီးကို
အပြီးသွယ်ယူ ဒို့ရွာလူထု
လူနေမှုဆင့် မြင့်မားလာ..။
ဤသို့ဤနှယ် ပျော်ရွှင်ဖွယ်ရာ
ဒို့နယ်ရွာသို့ လည်လာကြရန်
ဖိတ်ခေါ်သံပြု ဤစာစုလေး
ကျွန်တော်ရေးပေ ချမ်းအေးစေသားဆွေသဟာ..။
မိုးသက်ငွေ