(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
မင်းပျော်ပျော်နေလိုက်တော့
Labels:
online poem
မင်းပျော်ခဲ့လား
စိတ်ပျောက်လက်ပျောက် ပျော်ခဲ့လား
မင်းပြောတော့ ပျော်ခဲ့တယ်ဆို
ခုတော့…မင်းကလမ်းကိုထမ်းပြီးပြန်လာတာမဟုတ်ဘူး

လမ်းကခင်ဗျားကို ထမ်းပြီးခေါ်လာတာ
စိတ်ကစားချိန်ဆို ပွင့်နေတဲ့ ပါးစပ်တွေကို မင်းဖွင့်မယ်
မင်းမေ့ကျန်နေခဲ့မယ် ဒါမှမဟုတ်
တမင်တကာချန်ခဲ့မယ်
မင်းရဲ့လက်တစ်ဖက်ကတော့ချုံပုတ်ထဲကနေမထုတ်နိုင်သေးဘူး
ရေစက်တွေကမင်းလည်ပင်းမှာတွယ်ကပ်နေကြပြီ..။
မင်းပျော်ခဲ့လား
ရူးလောက်အောင်ပျော်ခဲ့လား
သာရေးအကြောင်း နာရေးအကြောင်းတွေကို မင်းစိတ်မ၀င်စားဘူးဆို
ကဗျာတစ်ပုဒ်ကို ဘရမ်ဒီတစ်ပုလင်းနဲ့ မလဲဘူးဆို
ခုတော့…မင်းဟာ မဂ္ဂဇင်းထဲမှာနေရာသေးလေးယူထားတယ်
မင်းအိမ်မှာ မင်းရေးတဲ့ မျက်ရည်တွေက ပိုင်ရှင့်မဲ့ နေကြပြီ
မင်းဟာတံခါးကိုခေါက်ဖို့ လက်ရွံသူတစ်ယောက်
နှင်းဆီပန်းကို အားမနာလျှာမကျိုးနမ်းဖို့ မကြိုးစားချင်တဲ့ သူတစ်ယောက်ဆိုတာ
စိတ်မပူပါနဲ့ ငါပြောပေးပါ့မယ်
မင်းရောင်းတဲ့ရေကိုသာပြီးအောင်ရောင်းပါကွာ
နောက်လာနောက်သားတွေကို မင်းချစ်တဲ့ အကြောင်း
ငါပြောပေးမှာပါ
(ကဗျာဆရာ လှသန်း)ရေးသလိုဆို ငုတ်တိုင်ကကြိုးမပြတ်သေးသရွေ့ 
ငါ့မှာသတ္တိရှိပါတယ်….မပူနဲ့ ဟေ့ကောင်….။
ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)